ရုပ်ရှင်နှစ်သက်သူတိုင်း အတွက် နောက်ဆုံးထွက် ရုပ်ရှင်များအပြင် တီဗီစီးရီးများကိုပါ ကြည့်ရှုနိုင်အောင် ပြသပေးနေတဲ့ တရုပ် application တစ်ခုဖြစ်သော PPTV App လေးကို ရင်နှီးပြီသား ဖြစ်ကြပါလိမ့်မယ်။
AppStore မှာ "Free"အနေနှင့် ရယူနိုင်ပြီး ပုံမှန်အားဖြင့် ရုပ်ရှင် တော်တော်များများကို Free ကြည့်ရှုနိုင်ပါတယ်။ အရည်အသွေးမြင့် HD, Blu-ray ဇာတ်ကားများ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ Documentary များ၊ နည်းပညာ သင်ခန်းစာများ ကိုတော့ "VIP" section အဖြစ် ခွဲခြား သတ်မှတ်ထားပါတယ်။ "VIP" member အဖြစ် ဝယ်ယူမှသာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်..
ယခုနည်းလေးကတော့ "VIP" member အဖြစ်နဲ့ VIP section ထဲက movies များကို ကြည့်ရှုနိုင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။
Requirements:
- Jailbrake
- iFile (or) iFunBox (or) iTools
Downloads:
>>PPTV App
>>PPTV (VIP)@moethagyar.info.rar
>>လုပ်ငန်းစဉ်<<
၁)ပထမဦးစွာ "http://www.pptv.com"သို့ PC မှ ဖြစ်စေ iDevice မှ ဖြစ်စေ ဝင်ရောက်ပြီး SignUp/Register လုပ်ပါ။
(Chrome Browser ကိုသုံး၍ Translate လုပ်နိုင်ပါသည်)
၂) iDevice ၏ AppStore မှနေ၍ "PPTV" App ကို Free download ရယူပါ။
၃) iDevice တွင် "PPTV" App ကို ဖွင့်ပြီး SignInဝင်ပါ။
၎)ထို့နောက် App ကို ပိတ်လိုက်ပါ။ (Multitesk ထဲမှာပါ ဝင်ပိတ်ပါ)
၅) Download ပေးထားသော "PPTV(VIP)@moethagyar.info.rar"ကို ဖြည်ပါ။
Folder ထဲတွင် ("PPTV.dylib"နှင့် "PPTV.plist") file နှစ်ခုကို တွေ့ရပါမည်။
၆) iFile, iFunBox, iTools တစ်ခုခုကို အသုံးပြု၍
"library/MobileSubstrate/DynamicLIbraries"လမ်းကြောင်းထဲသို့ Copy/Paste နှင့် ထည့်ပါ။
၇) Device ကို Reboot လုပ်ပါ။
PPTV App ကိုဖွင့်ပြီး SingIn ဝင်လိုက်တာနှင့် မိမိ၏ account တွင် VIP အဖြစ် ဖော်ပြနေပါလိမ့်မည်။
အခုဆိုရင် VIP video များကို အတားအဆီးမရှိ ကြည့်ရှုနိုင်သွားပါပြီ...
PPTV ကို WiFi အသုံးပြု၍ အခြားမည်သည့် Device မှ ကြားရန်ခံမလိုပဲ Smart TV ပေါ်သို့လည်း တိုက်ရိုက် ထုတ်ယူ ကြည့်ရှုနိုင်ပါသည်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..
Credit to :******
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share"လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate"လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
မိုးသိကြား

- iFile View
- iFunBox View