Quantcast
Channel: moethagyar.info
Viewing all articles
Browse latest Browse all 103

Import Downloaded Music & Videos to Media Library without iTunes

$
0
0
ပုံမှန်အားဖြင့် ကျွန်တော်တို့၏ iDevice သို့ internet မှ download လုပ်ထားသော (သို့) email နှင့်အတူ တွဲပို့လာသော သီချင်း ဗီဒီယိုတို့ကို Download လုပ်ပြီးနောက် ဖွင့်လိုသောအခါ iDevice ၏ media library တွင် မပွင့်ပဲ အခြား third party player များ အသုံးပြု၍ download ချခဲ့သော လမ်းကြောင်းမှ သီခြားဖွင့်နိုင်ပါတယ်...

Media Library ထဲသို့ ယင်းဖိုင်များကို ထည့်သွင်းရန် iTunes ကိုအသုံးပြု၍ ပြန်လည် 'Sync'လုပ်ရပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ iPhone, iPad ,iPodTouch များတွင်းသို့ သီချင်း၊ ဗီဒီယို ဖိုင်များကို မိမိ၏ Media Library ထဲသို့ iTunes နှင့် ကွန်ပျူတာသုံးရန် မလိုပဲ ထည့်သွင်းနိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်။

Cydia Store ၏ App တစ်ခုဖြစ်သော "Bridge"ကို အသုံးပြုရမှာ ဖြစ်တဲ့အတွက် iDevice ကို Jailbreak လုပ်ထားရန် လိုအပ်ပါသည်။
"Bridge v 1.1.4"သည် iOS 5.1.1 မှ iOS 7+ iDevice များတွင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး (64bit) ကိုပါ support လုပ်ထားပါတယ်..

Cydia ရဲ့ ပထမဦးဆုံး stand-alone App တစ်ခုဖြစ်တဲ့ "Bridge"က ရုပ်ရှင်၊ သီချင်းဖိုင်တို့ကို iTunes, PC မလိုပဲ မိမိ၏ iDevice ထဲမှာပင် media library ထဲသို့ ပြောင်းရွေ့ ပေးပါလိမ့်မည်။

လုပ်ဆောင်ချက်များ

  •      (iOS 7+) သမားများအတွက် import လုပ်ထားသော media file များကို iTunes နှင့် ပြန်လည်၍ sync လုပ်ပေးပါလိမ့်မည်။
  •      သီချင်း အပုဒ်ရေအများကြီးကို တစ်ပြိုင်နက် import လုပ်နိုင်ခြင်း
  •      Import မလုပ်မီ Preview ကြည့်ရှုနိုင်ခြင်း
  •      သီချင်းနှင့် ဗီဒီယိုဖိုင်များကို import မလုပ်မီတွင် Title, Artist, Album နှင့် Cover image တို့ကို ရွေးချယ် သတ်မှတ်နိုင်ခြင်း
  •      Import လုပ်သည့်အခါ Song, Ringtone, Podcast, Video, Music Video, or TV-Show အစရှိသော library type ကို ရွေးချယ်ပေးနိုင်ခြင်း တို့ကို တွေ့မြင်ရပါလိမ့်မည်...


အောက်ဖော်ပြပါ screenshot သည် "iDownloas+"နှင့် download လုပ်ထားသော Movie file တစ်ခုကို Media Library ထဲသို့ ထည့်သွင်းခြင်းဖြစ်ပါသည်..





Home screen ရှိ "Videos" (Stock App) ၏ library ထဲတွင် အောင်မြင်စွာ ရောက်ရှိသွားတာကို မြင်တွေ့ရပါလိမ့်မည်....

**သတိပြုရန်**
"Bridge"ကို install လုပ်နေစဉ်တွင် license download လုပ်နိုင်ရန် 3G/WiFi တစ်ခုခုနှင့် ချိပ်ဆက်ထားပါ။

>>Download Bridge v1.1.4 (.deb)

Cydia Source မှ တိုက်ရိုက်ထည့်သွင်းရန် : repo.insanelyi.com/

>>.dbe file များကို အလွယ်ဆုံး Install လုပ်နည်း




Credit to :Fabius


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share"လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate"လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား


Viewing all articles
Browse latest Browse all 103

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...